ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် လက်ထပ်ခါနီး သတို့သမီးလောင်းများသည် “အပျိုစင် ဖြစ်အောင် ခွဲစိတ်ပြင်ဆင်မှု” ('virginity repair) ဟုခေါ်သော ခွဲစိတ်ပြုပြင်မှုမျိုးကို လက်မထပ်မီ ပြုလုပ်မှုများ သိသာစွာ မြင့်တက်လာနေကြောင်း သိရသည်။ဗြိတိန်တွင် ဆေးခန်းသီးသန့် ထိုင်သော ဆရာဝန်များထံမှ ကောက်ယူထားသော စစ်တမ်းများအရ ဤကဲ့သို့သော ခွဲစိတ်မှုမျိုးကို ပြုလုပ်ရန် လာရောက် ဆွေးနွေးသော အမျိုးသမီးအရေအတွက်သည် အများဆုံး နေ့များတွင် တစ်နေ့ကို သုံးဦးအထိပင် ရှိကြောင်း၊ ထိုအမျိုးသမီးများသည် ဆေးပညာအရ Hymenoplasty (အပျိုမြှေးပြန်ထည့်ပေးခြင်း) ဟုခေါ်သော ထိုခွဲစိတ်မှု၏ ရလဒ်ကို မင်္ဂလာဦးညတွင် “သူတို့သည် ထိုည မတိုင်မီ ယောက်ျားနှင့် ပတ်သက်သော အတွေ့အကြုံ လုံးဝမရှိဘဲ ဖြူစင်ပါသည်” ဟူသော လှည့်စားချက်အနေဖြင့် အသုံးချရန် ရည်ရွယ်ကြပြီး ခွဲစိတ်မှုမှ အသက်အန္တရာယ်ပင် မမှုဘဲ ခံယူလာကြသည်ဟု တွေ့ရှိရသည်။အဆိုပါ ခွဲစိတ်မှုမျိုးကို လန်ဒန်မြို့ Harley Street အထူးကုစင်တာတွင် ပေါင် ၁၈၅၀ ယူ၍ ပြုလုပ်ပေးနေကျဝါရင့်ခွဲစိတ်အထူးကု တစ်ဦး၏ ပြောစကားအရ လွန်ခဲ့သော နှစ်များကနှင့် ယှဉ်လျှင်ပင် ယခုနှစ်၌ ဤခွဲစိတ်မှုမျိုး ခံယူရန် လာရောက်ပြသမှု အရေအတွက် ၃ ဆခန့် တိုးမြင့်လာခဲ့ကြောင်း သိရသည်။
ထိုခွဲစိတ်မှုသည် အမျိုးသမီး တစ်ဦး၏ အပျိုမြှေးကို မွေးရာပါ သဘာဝအတိုင်း (အပျိုစင်များအတိုင်း) ပြန်လည်တပ်ဆင်ပေးသော လုပ်ငန်းစဉ်ဖြစ်ပြီး ခွဲစိတ်ခံရပြီးသူ၏ အပျိုမြှေးပါးသည် မင်္ဂလာဦးညတွင် ပြန်လည် ပေါက်ပြဲကာ (အပျိုစင်များအတိုင်း) သွေးထွက်ဦးမည် ဖြစ်သည်။ ဤကဲ့သို့ ဘ၀တစ်လျောက်လုံးနှင့်ချီ၍ လွန်စွာ အရေးပါသော ခွဲစိတ်မှုသည် နာရီဝက်ခန့်သာ ကြာမြင့်မည် ဖြစ်ပြီး ထုံဆေးဖြင့်ပင် လန်ဒန်မြို့ရှိ Regency ဆေးခန်းတွင် Consultant Gynaecologist (အတိုင်ပင်ခံ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး) ဒေါက်တာ မက်ဂ်ဒီဟန်းက ပြုလုပ်ပေးနေပြီး ၁၈၅၀ ပေါင် ကျသင့်မည် ဖြစ်ကာ အချို့နေရာများတွင်မူ ပေါင် ၄၀၀၀ (မြန်မာငွေ သိန်း ၆၀ နီးပါး) အထိ ဈေးပေါက်နေသည်ဟု သိရသည်။ထိုခွဲစိတ်မှုသည် ဆေးပညာအရ တရားဝင်ခံယူခွင့် ရှိပြီး ခွဲစိတ်ခံယူသူ မည်သူကမျှ အမည်၊ လိပ်စာစသော ကိုယ်ရေးအချက်များကို အမှန်မပေးကြဟု သိရသည်။ လူမှုရေးပုံမှားရိုက် လှည့်ဖျားခြင်းတစ်ခုအဖြစ် သက်ရောက်မှု ရှိနေသော်လည်း ဥပဒေအရ တားမြစ်ပိတ်ပင်ပိုင်ခွင့် ပြဌာန်းခြင်းကို မည်သည့်သတင်းတွင်မှ လက်ရှိ သတင်းရေးနေသည့် အချိန်အထိ မကြားရသေးပါ။အဆိုပါဆရာဝန်ကြီးက “ဟိုးအရင်တုန်းက ဆိုရင် တစ်ပတ်မှ ဒီခွဲစိတ်မှုမျိုး တစ်ခုနှစ်ခုဆိုတာ အလွန်ဆုံးပါပဲ။ ဒါကလည်း ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့်သာ ဖြစ်ပြီး အခုလို လူမှုရေးကိစ္စသဘောမျိုးအတွက် မဟုတ်ပါဘူး။ အခုတော့ တစ်နေ့တည်းတောင် ၂ ခု သို့မဟုတ် ၃ခု လောက် လုပ်ပေးနေရပါတယ်။ ခွဲစိတ်မှု ခံချင်သူ အားလုံးနီးပါးဟာ မင်္ဂလာ ဆောင်တော့မယ့် သူတွေ ဖြစ်ပြီး တစ်ချိန်က သူတို့ရဲ့ အတွေ့အကြုံ အဖြစ်အပျက်တွေကို သူတို့ရဲ့ သတို့သားနဲ့ မိသားစုတွေ မသိအောင် ဖုံးကွယ်ချင်ကြတဲ့ သဘော ရှိကြပါတယ်။ ဒါဟာ ဘာသာရေး သဘောမဟုတ်ဘဲ လူမှုရေးသဘော ဆောင်နေပါတယ်။ အကယ်၍ သတို့သမီးတစ်ယောက်ဟာ မင်္ဂလာဦးညမှာ သွေးမထွက်လို့ အပျိုမဟုတ်ဘူးလို့ သတ်မှတ်ခံရရင် ဒါဟာ မိသားစုနဲ့ သူ့အတွက် အကြီးအကျယ် ရှက်စရာပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်လို့ ယောက်ျားက သူ့ကို စွန့်ခွာသွားမှာ၊ တစ်ဘ၀လုံး သံသယနဲ့ ငြိုငြင်နေမှာ အမျိုးသမီးတိုင်း အရမ်းကြောက်ကြပါတယ်။ ဒါကြောင့် ဒီလို ခွဲစိတ်မှုတွေအကြောင်း တစ်ဆင့်တစ်ဆင့် ကြားသိလာကြပြီး လုပ်ဖို့ အရမ်းဆန္ဒ ရှိလာကြတာ ဖြစ်ပါမယ်” ဟု ပြောပြခဲ့သည်။
(စာဖတ်သူ မရှင်းမလင်း မေးချင်နေသော အချက်များ အားလုံးအတွက် ကျွန်တော်၏ ကွန်မန့်ကို သတင်းဆောင်းပါးအပြီး အောက်တွင် ဆက်လက် ဖတ်ရှုနိုင်ပါသည်။ ဆန္ဒမစောပါနဲ့။ သတင်းကိုသာ အေးဆေး ဆက်လက် ဖတ်ရှုပါ)Consultant Surgeon (အတိုင်ပင်ခံ ခွဲစိတ်ဆရာဝန်ကြီး) ဒေါက်တာ အက်ရှ်မိုစာဘီ ကမူ “ဒီနေ့ခေတ် နိုင်ငံအသီးသီးမှာ အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးသော နေထိုင်မှုပုံစံ (westernized lifestyles) တွေကို လက်ခံကျင့်သုံး နေထိုင်သူတွေ အရမ်းများပြားနေပြီး ဒီလိုနေရတာကို အတုယူသဘောကျတဲ့ စိတ်နဲ့ မိမိရဲ့ အရှက်သိက္ခာကို ရရာနည်းနဲ့ ထိန်းချင်ကြတဲ့ စိတ် ထိပ်တိုက်တွေ့ကြတာ ဖြစ်ပါတယ်။ မိန်းမတစ်ယောက်အနေနဲ့ ဘာကိုမှမမှုဘူး ဆိုသည့်တိုင်အောင် မင်္ဂလာဦးညမှာ အဆင်မပြေ ဖြစ်ခဲ့ရင် အကြီးအကျယ် ပြစ်တင်ရှုံ့ချစရာ ဖြစ်ပြီဆိုတဲ့ အဖြစ်ကိုတော့ မှုပါတယ်။ ဒီလိုဖြစ်မှာ ကြောက်ရင် အစောကတည်းက ကိုယ့်ဘ၀ကိုကိုယ် တန်ဖိုးထားထိန်းသိမ်းသင့်တာပေါ့။ အားလုံးပြီးသွားတော့မှ ခွဲစိတ်ခန်းထဲဝင်ပြီး အပျိုစင်ဘ၀ ပြန်ရချင်တယ်ဆိုတာတော့ တကယ်စိတ်ပျက်စရာ တစ်မျိုးပါပဲ” ဟု သူ၏ ကိုယ်ပိုင်အမြင်ကို ပွင့်လင်းစွာ ထုတ်ဖော် ပြောဆိုခဲ့သည်။၎င်းနှင့်အတူပင် ထိုခွဲစိတ်မှုမျိုးကို ဥပဒေထုတ် တားမြစ်သင့်သည်ဟူသော တောင်းဆိုခြင်းများလည်း ပေါ်ပေါက်နေကြောင်း သိရသည်။ သို့ရာတွင် ဗြိတိန်ကျန်းမာရေးဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးက ၄င်းတို့၏ NHS ခေါ် National Healthcare Services ပိုင်ဆေးရုံများတွင် အပျိုမြှေး ပြန်လည်တပ်ဆင်ပေးသော ခွဲစိတ်မှုကို ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ လိုအပ်မှုများ အတွက်သာ ပြုလုပ်ပေးလျက် ရှိပြီး မည်သည့် လူမှုရေးအကြောင်းပြချက် အတွက်နှင့်မှ ပြုလုပ်ပေးခြင်းမရှိကြောင်း ငြင်းချက်ထုတ် ပြောဆိုသွားသည်။Ref: Dailymailကျွန်တော် ပြောပြလိုသော ကျန်းမာရေး အသိပညာများနှင့် ဝေဖန်သုံးသပ်ချက်တို့ကို အမှတ်စဉ်တပ်ကာ ဆက်လက်ဖော်ပြပေး ထားပါသည်။ ဤသို့ ရေးသားဖော်ပြပေးသည်ကို ဟီရိသြတပ္ပ တရားတို့မှ ကင်းလွတ်သည်ဟု မယူဆကြစေလိုဘဲ လူတိုင်းသိသင့်သော ကျန်းမာရေးဗဟုသုတ၊ လူမှုရေးဗဟုသုတ ပေးခြင်းဟုသာ မှတ်ယူကြစေလိုပါသည်။ သေချာမသိလျှင် မြန်မာ့လူဘောင်တွင် သို့လော သို့လော နှင့် မလိုလားအပ်သော လူမှုရေးပြဿနာများ ပေါ်ပေါက်နိုင်ခြင်းကြောင့် တင်ပြပေးလိုက်ပါသည်။(၁) အပျိုစစ်မစစ် ဘယ်လိုခွဲမလဲအပျိုစင် စစ်ပါက ပထမဆုံး အတွေ့အကြုံတွင် သွေးထွက်ရမည်၊ အပျိုမြှေး မစုတ်ပြဲဘဲ ရှိနေရမည်မှာ ယေဘုယျသဘော မှန်သော်လည်း သွေးမထွက်ရုံ၊ အပျိုမြှေးမရှိရုံဖြင့်လည်း ထိုမိန်းမသည် အပျိုစစ်စစ် မဟုတ်ပါဟု တပ်အပ်မစွပ်စွဲနိုင်ပါ။ အဘယ့်ကြောင့် ဆိုသော် အပျိုစစ်ခြင်းသည် အပျိုမြှေး ရှိခြင်းသာ ဟူ၍ ကျဉ်းမြောင်းစွာ အဓိပ္ပာယ် ဖွင့်ဆို၍ မရနိုင်သောကြောင့် ဖြစ်သည်။ အပျိုမစစ်သော်လည်း အပျိုမြှေးကျန်နေသော အမျိုးသမီးများလည်း ဤကမ္ဘာကြီးပေါ်တွင် ဒုနှင့်ဒေး ရှိကြသည်။ (အချို့ဆိုလျှင် ယောက်ျားနှင့်နေတိုင်း သွေးထွက်နေသဖြင့် အပျိုမြှေးဖယ်ရှားသော ခွဲစိတ်မှု လုပ်ရသည်အထိ ရှားရှားပါးပါး ရှိတတ်သည်)ထိုကိစ္စထက် အရေးကြီးသော ကိစ္စမှာ အပျိုမြှေးမရှိ၍ သွေးမထွက်ရုံ တစ်ချက်တည်းနှင့်လည်း အပျိုစင် မဟုတ်ပါဟု တပ်အပ်မပြောနိုင်ခြင်း ဖြစ်သည်။ အကြောင်းကြောင်းကြောင့် ငယ်စဉ်ကတည်းက စုတ်ပြဲသွားသူတွေ မရှိတော့သူတွေ ရှိနေနိုင်သည်။ အားကစားလိုက်စားသူတွေ၊ အလုပ်ကြမ်းလုပ်ရသူတွေ၊ အလေးအပင်မသူတွေ၊ စက်ဘီးဆိုင်ကယ် နေ့စဉ်စီးရသူတွေမှာ တစ်ခါတစ်ရံ စုတ်ပြဲပြီးသား သို့မဟုတ် မရှိတော့ဘဲ ဖြစ်နိုင်သည်။ ထိုအမြှေးပါး မကျန်တော့လျှင်ဖြင့် သိသာများပြားအောင် သွေးမထွက်နိုင်တော့ပါ။ဒီအကြောင်း ဂဃနဏ မသိလျှင်ဖြင့် ပြဿနာတွေ တက်ကြပေမည်။ ပညာရှင်များကိုယ်တိုင်ကပင် “အမျိုးသမီးတစ်ယောက် အပျိုတကယ်စစ်မစစ် စစ်ဆေးနိုင်ခြင်း ဆိုသည်မှာ မရှိဘဲ အပျိုမြှေးရှိမရှိသာ စစ်ဆေးနိုင်ပါသည်” ဟု ၀န်ခံထားသည်ကို ထောက်ရှုနိုင်သည်။ ထိုအမြှေးပါးကိုယ်တိုင်က ဝေေ၀၀ါးဝါး အနေအထား ရှိသမို့ သူ့အပေါ်ကြည့်၍ ဆုံးဖြတ်ခက်လည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။သို့ဆိုလျှင် ခွဲနိုင်သောနည်းလမ်း မှန်ကန်သော နည်းလမ်း မရှိတော့ဘူးလားဟု မေးစရာ ရှိသည်။ ရှိပါသည်။ အကြမ်းဖျဉ်း လမ်းလျှောက်စဉ် ကိုယ်ခန္ဓာအမူအရာ လှုပ်ရှားပုံနှင့် ခွဲနိုင်သည်ဟု ပြောကြသည်။ ထိုထက် သေချာသော အချက် တစ်ချက်မှာ စည်းကျော်ဖူးသော မိန်းမသည် မည်မျှ အိနြေ္ဒကောင်းနေစေကာမူ မကျော်ဖူးသော မိန်းမနှင့် မျက်လုံးအကြည့်၊ စကားအပြောအဆို လေသံအနိမ့်အမြင့်၊ ကိုယ်ဟန်အမူအရာ စသည်တို့၌ စည်းမကျော်ဖူးသော မိန်းမနှင့် သေချာကြည့်တတ်လျှင် ကွာပါသည်။ ရင်းနှီးတာကြာလာလေ အကဲခတ်ရတာ ပိုလွယ်လေ ဖြစ်ပါသည်။(စည်းတစ်ခါမှ မကျော်ဖူးသော မိန်းမသည် မည်မျှပင်သွက်လက် ပွင့်လင်းစေကာမူ၊ စာတွေ့မည်မျှပင် သိစေကာမူ ကျော်ဖူးသူနှင့် မတူပါ ဆိုသည့်အချက်ကို လူကဲခတ်ကောင်းသော ကိုကိုများ လက်ခံသဘောပေါက်ကြမည် ထင်ပါသည်။ ဆောင်းပါးနှင့် သွေဖီသွားမည် စိုး၍ ဤနေရာတွင် ရပ်ပါမည်)အမျိုးသားများ အနေဖြင့် မိမိတို့ဘ၀လက်တွဲဖော်၏ စာရိတ္တနှင့် မိန်းမကောင်းတန်ဖိုးကို မိမိတို့၏ နှလုံးသား၊ ဥာဏ်ပညာတို့ဖြင့်သာ ချိန်စက်မှတ်ကျောက်တင် အဆုံးအဖြတ်ပေးနိုင်ရန် မရှိမဖြစ် လိုအပ်သည်ဟု ယုံကြည်ပါသည်။(၂) မိန်းမတစ်ယောက်ရဲ့ တကယ့်တန်ဖိုး(ပထမဆုံးအကြိမ် အိမ်ထောင်ပြုခြင်းမဟုတ်သော အမျိုးသမီးများနှင့် အနိုင်ကျင့်ခံရသော အမျိုးသမီးများအတွက် မဆိုလိုပါ)တစ်ညတာ ကျော်လွန်သွားပြီးချိန်တွင် ပေါက်ပြဲသွားမည် ဖြစ်သော အမြှေးပါးတစ်ခုသည်ကပဲ တစ်ဘ၀လုံးစာ အရေးကြီးဆုံးလား၊ မိမိလက်တွဲဖော်၏ စိတ်နေစိတ်ထားနှင့် မိမိအပေါ် ထားသော မေတ္တာ၊ အရည်အချင်း စသည်တို့ကသာ လက်တွေ့ဘ၀တွင် ပိုအဓိကကျသည်ဟု ဆိုချင်သူများလည်း ရှိကြပါသည်။ ထိုစကားကိုလည်း လက်ခံပါသည်။ သို့သော် အတိုင်းအတာတစ်ခု အထိသာ ဖြစ်ပါသည်။အထက်တွင် စကားဦး ဆိုထားခဲ့သလို တစ်ပင်လဲ၍ တစ်ပင်ထူကြသူများကို ဘာမှ အပြစ်မပြောလိုပါ။ သို့သော် မိန်းမတစ်ယောက်၏ တန်ဖိုးသည် ထိုအမြှေးပါးမဟုတ်သော်လည်း ထိုအမြှေးပါးကို ထိန်းသိမ်းထားနိုင်သည့် ဂုဏ်သိက္ခာသည်သာ မိန်းမတစ်ယောက်၏ တန်ဖိုးဖြစ်ပါသည်။ သူ့ဘ၀မှာ အရေးကြီးဆုံးသော ထိုအရာကိုမျှ ထိန်းမထားနိုင်သော မိန်းမသည် အခြားမည်သည့်အရာကိုမျှ ထိန်းသိမ်းစောင့်ရှောက်ထားရန် ခက်ပေလိမ့်မည်။ (ထပ်ပြောပါမည်။ ပထမဆုံးအကြိမ် အိမ်ထောင်ပြုခြင်းမဟုတ်သော အမျိုးသမီးများနှင့် အနိုင်ကျင့်ခံရသော အမျိုးသမီးများအတွက် မဆိုလိုပါ)ထိုသို့သော မိန်းမတွေဘက်က ရှေ့လိုက်သူများကတော့ ယောက်ျားတွေ မကောင်းလို့ပါဟု လျှောက်လဲချက် ပေးချင်ကြမည်။ တကယ်လက်တွဲရမည့်သူ (ဖူးစာရှင်ဆိုသူ)နှင့် မတွေ့ရသေးခင် အရင်တွေ့သူကို ယုံ၍ ချစ်၍ ပုံအပ်လိုက်ခြင်း ဖြစ်ပါသည်ဟု လျှောက်လဲချက် ပေးလျှင် လက်ခံခွင့်လွှတ် မေ့ပျောက် ပေးပါသည်ဟု သင်ကော ပြောမည်လား။ ဒီစကားဖြင့် အတိတ်ကို လွဲဖယ်ခေါင်းရှောင်၍ မရနိုင်။တစ်ခါက ကျွန်တော်ရေးခဲ့သော ဟာသထဲကလို မွေးကတည်းက သော့ခလောက်ဘ၀ပိုင်ရှင် မိန်းကလေးများ အနေဖြင့် မိမိတို့၏ ဘ၀ကို မိမိတို့နှင့် သက်ဆိုင်ရာ တကယ့်သော့တံစစ်စစ် ဆီမှာသာ (သေချာပြီဆိုသော အချိန်ရောက်မှ) အပ်နှံခြင်း သည်သာ မိန်းမတစ်ယောက်၏ အမြင့်မားဆုံး၊ မြတ်နိုးဖွယ်ရာ အကောင်းဆုံးသော တန်ဖိုးဖြစ်သည်ဟု ကျွန်တော့်ကိုယ်ပိုင်အမြင်အရ ဆိုချင်ပါသည်။ (ထိုတန်ဖိုးသည် သိပ္ပံခေတ်မကလို့ ဘယ်ခေတ်ရောက်ရောက် မရှိမဖြစ် ထိန်းသိမ်းထားရမည်သာ ဖြစ်ပါသည်)(၃) ဂလိုဘယ်လိုက်ဇေးရှင်းခေတ် သမီးပျိုများနှင့် ခွဲစိတ်ပြုပြင်မှုဤခွဲစိတ်မှုသည် အနာကျက်ရန် လုံလောက်သော အချိန်ပြီး၍ အသားကျပြီးသွားပါက မည်သို့မျှ ခွဲခြားရန် လွယ်ကူမည်မဟုတ်သည် မှာတော့ သေချာသည်။ သို့သော် ဤခွဲစိတ်မှု၏ တန်ဖိုးအရ တကယ်ပြည့်စုံကြွယ်ဝသူ လူတန်းစားများသာ လုပ်နိုင်မည် ဖြစ်သဖြင့် တစ်ကမ္ဘာလုံးရှိ အမျိုးသမီးပေါင်း သန်းသုံးထောင်ကျော် အတိုင်းအတာအထိ ကျယ်ပြန့်လာစရာတော့ မရှိ။(မြန်မာနိုင်ငံတွင်လည်း ဤခွဲစိတ်မှုကို လုပ်ပေးနိုင်သော ဆရာဝန်နှင့် အထောက်အပံ့ပစ္စည်း ပေးနိုင်သော နေရာများ လက်ချိုးရေတွက်ရန်ပင် နည်းသေးသည်ဟု သိရသည်)ခေတ်မီနည်းပညာများကြောင့် Globalization ဖြစ်လာခြင်းသည် ကိုယ်ကျင့်သိက္ခာနှင့် ယဉ်ကျေးမှုပုံစံများ လျှော့ချကြပါတော့ဟု မဆိုလိုပါ။ ဤကမ္ဘာကြီးပေါ်တွင် လူသားမျိုးနွယ်ချင်းသာတူ၍ မည်သည့် အသွင်သဏ္ဍာန်မှ မတူညီသော လူသားမျိုးနွယ်များ စုဝေးနေကြရာတွင် ယဉ်ကျေးမှု ကူးယူကျင့်သုံးခြင်းများကို အထိုက်အလျောက် လက်ခံပေးရမည် မှန်သော်လည်း အမျိုးသမီးဘ၀ကို ရရှိထားသူများ ဖြစ်နေလျှင်တော့ မိန်းမတစ်ယောက်ရဲ့ တကယ့်တန်ဖိုး ဆိုသည့်အရာကိုတော့ သိရှိထိန်းသိမ်းသင့်ပါသည်။ဤသတင်းအပေါ် ဘောလုံးအားကစားဆန်ဆန် ဝေဖန်ပြောရလျှင်ဖြင့် လူသားတို့၏ ပကတိသဘာဝ များထဲက တစ်ခုဖြစ်သော အပြစ်ရှောင်လွဲလိုခြင်းက မန်နေဂျာလုပ်ထားသည့် ခေတ်မီနည်းပညာပေါင်းစုံအက်ဖ်စီနှင့် (မည်သူမျှ စပွန်ဆာမပေးလိုသော) ပြိုင်ဖက် အရှိတရားယူနိုက်တက် တို့၏ ဗိုလ်လုပွဲကတော့ လူ့သမိုင်း မိနစ်ကိုးဆယ် အဆုံးအထိ တစ်ဖက်တစ်ဂိုးစီသရေပဲလား၊ မည်သူနိုင်မလဲဆိုတာကိုတော့ ဆက်လက် စောင့်မျှော်ကြည့်ရှုရဦးမည်သာ ဖြစ်ပါသည်။မှတ်ချက်။ ။ထိုပွဲစဉ်ကို ဒဂုံစင်တာရှေ့ရှိ LED တီဗီကြီးတွင် တိုက်ရိုက်ပြလိမ့်မည် မဟုတ်ပါ။မြန်မာဘောလုံးချစ်သူတို့ ဆုံဆည်းရာ မက်ဖန်မှ ကူးယူဖော်ပြသည်။ မိန်းမတစ်ယောက်ကိုမင်္ဂလာဦးညမှာဆက်ဆံပြီးသွေးမထွက်ရုံနဲ့အပျိုမစစ်ဘူးလို့ပြောလို့မရဘူးဆိုတာကိုထောက်ခံပါတယ်။ ပြီးတော့ အဲလိုကိစ္စလေးကြောင့် ကိုယ်ချစ်တဲ့သူတို့အထင်အမြင်သေးသွားမှာကိုမဖြစ်စေချင်ပါဘူး။ကိုယ်ကသူ့ကိုလက်ထပ်လိုက်ပြီဆိုမှတော့ တစ်ဘဝလုံးလက်တွဲသွားရမှာလေ(မြန်မာလူမျိုးစစ်စစ်များကိုသာဆိုလိုပါသည်။)။ အဲလိုသွေးမထွက်တဲ့ကိစ္စလေးကိုပြသနာကြီးတစ်ခုလုပ်ပြီးအကျယ်ချဲ့လိုက်ရင်သူရော ကိုယ်ရော တစ်ဘဝလုံးသံသယတွေနဲ့ပဲလက်တွဲသွားရမှာလေ။အဲဒါကြောင့် ကိုယ်လက်ထပ်လိုက်တဲ့မိန်းကလေးတစ်ယောက်ကိုမင်္ဂလာဦးညမှာ သွေးမထွက်တာလေးနဲ့ စိတ်မခုကြပါနဲ့။ အဓိကကတော့ ကိုယ်နဲ့ပတ်သက်ပြီးနောက်ပိုင်း... ပြီးတော့ သူ့မှာ ပြည့်စုံတဲ့အကျင့်သိက္ခာရှိတယ်ဆိုရင် အားလုံးကိုခွင့်လွှတ်လို့ရမှာပါ။ ယောက်ျားလေးများအနေနဲ့ ကိုယ့်ချစ်သူကိုပဲမကြည့်ပဲ ကိုယ့်ကိုယ်ကိုလည်းပြန်ကြည့်သင့်ပါတယ်။ ကိုယ်ကရော...... ဒီမင်္ဂလာဦးညမတိုင်မီအထိ လူပျိုစစ်သေးရဲ့လား ဆိုတာကိုလေ......အားလုံးသံသယကင်းစွာချစ်နိုင်ကြပါစေ.......................... ။။။။။။။။။။ အဟောင်းတန်းက ကြိုက်လို့ ဝယ်တာနဲ့  အသစ်ပါဆိုပြီး အင်ထုရောင်းတာနဲ့  ဈေးနှုန်းချင်း အရည်အသွေးချင်းက တူမယ်ထင်ပါလား။ဂွတ်စက်ကန်းဟန်းများ ပါကင်ပြန်ထုပ်ပြီး အင်ထုထားချင်းများ လက်ဝယ်ရရှိလို့  ပျော်ရွှင်နိုင်ပါစေဗျား။အသစ်ဈေးပေးပြီးတော့ အင်ထုထားတာတော့ မလိုချင်ပါဘူး။ ကိုယ်တသက်လုံးရှာဖွေ ကျွေးမွေးရမယ့် မိန်းမက ကိုယ့်ကို အင်ထုထားတာကို ခံစားနိုင်ပါမလား.... ( ကြိုပြောရင် ခွင့်လွှတ်နိုင်မယ် ပြီးမှသိရမယ်ဆိုရင် နာဖို့ သာပြင်... )ကိုယ်လူပျိုစစ်မစစ်က သူတို့ ရှာကျွေးမှာမဟုတ်တော့ အင်ထုခံရတာလောက်တော့ မဆိုးပါဘူး။ ကိုယ်လူပျိုမစစ်လည်း တသက်လုံးရှာကျွေးရမှာပဲလေ။ လူပျိုစစ်လည်း ရှာကျွေးရမှာပဲ။အားလုံးကတော့ သံသယကင်းကင်း တစ်ယောက်အပေါ် တစ်ယောက်ထားနိုင်ရင် အကောင်းဆုံးပါဘဲ။ ဒီသံသယတွေကဘဲ မိမိတို့ရဲ့ အိမ်ထောင်ရေးကို ဖျက်ဆီးသွားကြတာ။ အာရှသား တော်တော်များများက သွေးထွက်မှ အပျိုစစ်တယ်ဆိုတာလက်ခံကြတယ်။ အဲဒီအဆိုဟာ မမှန်ဘူးဆိုတာ ကျွန်တော်လက်ခံပါတယ်။ သွေးမထွက်ပေမယ့် စစဆက်ဆံချင်း အမူအရာတွေက သက်သေခံနေဘာတယ်။ ဥပမာ နေခဲ့ဘူးတဲ့လူတစ်ယောက်ဟာ ဘယ်လိုပုံစံ ဘယ်လိုအနေအထား နေရမယ်ဆိုတာသိနေတယ်။ မနေဘူးတဲ့လူဟာ သူ့ရဲ့ခြေထောက် မြှောက်တဲ့အနေအထားအရ စစချင်းအနေရတော်တော်ခက်နေတယ်။ စစချင်း ခနာပုံစံအနေအထားအသားကျအောင် နေရမယ်။ သွေးမထွက်ပေမယ့် စစချင်းသူဟာလေးဟာနာကျင်နေမယ်။ စစချင်းဆက်ဆံတဲ့ အချိန်ဟာ တော်တော်ယူရတယ်။ ကိုယ့်စိတ်ကြီးတိုင်း တတ်ခွလို့ကတော့ အဲဒီနေ့ဘဲ ကောင်မလေးထွက်ပြေးမှာ သေချာတယ်။ဒါကတော့ အကြမ်းဖျင်းပေါ့။ဘ၀မှာ သွေးထွက် မထွက်ဆိုတဲ့ အပျိုစင် ဝေါဟာရဲ့နဲ့ မိမိရဲ့ အိမ်ထောင်ရေးကို သံသယမပွားနိုင်အောင် ကြိုးစားကြတာ အကောင်းဆုံးဘာ။ ဒီခေတ်ကြီးထဲမှာ ယောက်ျားရော မိန်းမဘာ လုပ်ငန်းခွင်ထဲ အတူတူ လုပ်နေရတော့ သူ့ဘ၀ကိုနားလည်း ကိုယ့်ဘ၀ကို သူနားလည်ရင် သာယာတဲ့အိမ်ထောင်ရေးအဖြစ် ထူထောင်နိုင်ကြမှာဘာ။ တဒင်က သွေးထွက်တာကို အပျိုစစ်လို့ယူဆပြီး တစ်ဘ၀လုံး နွားကျခံ အခိုင်းခံရပြီး နားလည်းမှုမရှိတဲ့ အိမ်ထောင်ရေးတော့ ဘယ်သူမှ ထူထောင်ခြင်ချမယ် မထင်ဘာဘူး။ နောက်အပျိုစစ်လို့ လက်ထပ်ပြီးကာမှ ဖောက်ပြန်ရင်ကော မိမိအိမ်ထောင်ရေး ပျက်ပြားတာနဲ့ အတူတူဘဲ မဟုတ်ဘူးလား။ အဓိက ကအားလုံးပြည့်စုံခဲ့ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ တစ်ခါတစ်ခါ မိမိရဲ့စိတ်မှာ ဘ၀င်မကျတာတွေကို အကောင်း အဆိုး ယှဉ်စဉ်းစားခြင်းတာ ဖြစ်ဘာတယ်။ ဘယ်အရာမှ အဆိုးကြီးဘယ် မရှိသလို ဘယ်အရာမှ အကောင်းကြီးလဲ မရှိဘာဘူး။ yaungmin82 ပြောသွားတာတွေကိုထောက်ခံတယ်ဗျာ..။ တကယ်ဆိုအဲလိုမျိုးပဲဖြစ်သင့်တာပါ။ အိမ်ထောင်ရေးနဲ့ကိုယ့်ချစ်သူအပေါ်ကိုစီးပွားတွက်သွားတွက်ရင်တော့ တစ်သက်လုံးပျော်ရွှင်စရာအိမ်ထောင်ရေးကိုပိုင်ဆိုင်နိုင်မှာမဟုတ်တော့ဘူး။ အဓိက ကတော့နှစ်ဦးသဘောတူ ကြည်ဖြူလို့လက်ထပ်ပြီးတဲ့အချိန်မှာ တစ်ယောက်အပေါ်တစ်ယောက်သစ္စာရှိဖို့ပဲလိုပါတယ်။ အပျိုစစ်မစစ်ဆိုတာ Hymen က အဓိကလို့ မှတ်ယူနေကြလို့ ဒီလိုခွဲစိတ်မှုမျိုးတွေ လုပ်နေကြတာဖြစ်ပါတယ်။တကယ်အပျိုမစစ်ရင် (အတွေ့အကြုံများတယ်ဆိုရင်) ဘယ်လိုမှ လိမ်လို့မရပါဘူး။ position ယူလိုက်တာနဲ့ အလိုက်သင့်ပါလာတာ၊ stimulation များများလုပ်မှ ရွှဲလာတာ စသည်ဖြင့်ပေါ့ဗျာ။ယောက်ျားတွေအကုန်လုံး လိုလိုကလည်း အတ်တကြီးတယ်ဗျ။ ကိုယ်က ဆော်ဘယ်လောက်ဖြုတ်ဖူးဖြုတ်ဖူး ကိုယ်ယူမယ့် မိန်းကလေးကိုတော့ တကယ့်အရိုးခံ အပျိုစစ်စစ်ကို လိုချင်ကြတာကိုးဗျ။အဓိကကတော့ အပေါ်က အစ်ကိုတို့ ပြောသလိုပါပဲ။ လက်ထပ်ပြီးတဲ့ အချိန် တစ်ယောက်အပေါ်တစ်ယောက် သစ္စာရှိဖို့ပဲ လိုပါတယ်။
Harrah's Cherokee Casino & Hotel - MapyRO
ReplyDeleteHarrah's Cherokee Casino & Hotel is 광양 출장안마 a 하남 출장샵 Native 의정부 출장안마 American Casino located on Highway 29, Cherokee, North Carolina 28719, 경주 출장안마 United States and is 태백 출장마사지