ယောက်ျားအင်္ဂါ ကွေးညွှတ်ရောဂါ ဘာကြောင့်လဲ
အမျိုးသားများ၏ အင်္ဂါလိင်တံများသည် ပုံမှန်မဟုတ်ဘဲ ကွေးညွှတ်၍နေေ သာ ရောဂါ များ အဖြစ်များလာသည်ကို တွေ့ရှိလာကြရ သည်။ ဤကဲ့သို့ ပုံမှန်မဟုတ်သောကြောင့် လိင်ဆက်ဆံရာတွင် အခက်အခဲများရှိတတ်ကြ သည်။ ၄င်းရောဂါကို 'Peyronie'ရောဂါဟု ဆေးပညာအသိအမှတ်ပြု ထားသည်။
ဤရောဂါစတင်ဖြစ်ပွားစဉ်တွင် လိင်တံ နေရာအချို့တွင် ကပ်လျက်ရောင်ယမ်းလာပြီး ကြွက်သားအသားမာများဖြစ်လာကာ ကြွက် သားများ လျော့တင်းနိုင်မှုအားနည်းသွားသည်။ ထို့နောက် လိင်အင်္ဂါထောင်မတ်သည့်အခါ ပုံ မှန်အနေအထားဖြောင့်တန်းမှုမ ရှိဘဲ ကောက် ကွေး သွားတတ်သောရောဂါဖြစ်ပေသည်။
ဒေါက်တာ Carson ၏ပြောပြချက်မှာ လိင်ဆက်ဆံမှုပြုလုပ်နေစဉ် ဒဏ်ရာအနာတရ ဖြစ်ပွားခြင်းကြောင့်ဟု အသိအမှတ်ပြုသည်။ သို့ရာတွင် ၄င်းဒဏ်ရာမှပင် အမာရွတ်အဖြစ် သို့ ပြောင်းလဲကာ ထိုရောဂါဖြစ်လာရခြင်းဟု သိရှိရပေသည်။ အချို့အားကစားသမားများနှင့် မတော်တဆဖြစ်ရပ်ကြောင့် လိင်တံထိခိုက်ဒဏ် ရာရခြင်းကြောင့်လည်း ဖြစ်နိုင်ကြသည်ဟု အကြံပြုထားသေးသည်။ အဓိကမှာ ကိုယ်အင်္ဂါ အတွင်း သွေးယိုခြင်းကြောင့်ဖြစ်သည်။
ပုံမှန် ယောက်ျားကိုယ်အင်္ဂါသည် ဆက်ဆံ မှုပြုစဉ်နာကျင်မှုကို ခံစားလာရပါက အမျိုး သားများ အထူးသတိပြုလာရမည်ဖြစ်သည်ဟု ဆေး ပညာရှင်များသတိပေးထားကြသည်။ အများအားဖြင့် အသားမာ များဖြစ်ပေါ်နေခြင်း ကို လိင်တံထိပ်ပိုင်းနှင့် အောက်ခြေတို့တွင်ပို ၍ အဖြစ်များတတ်ပြီးအရှည်ပို၍တိုသွားအောင် ကွေးညွှတ်ပေးလိုက်သလို ဖြစ်နေတတ်ကြ သည်။
"ကုသမှု"
Peyronie ရောဂါဖြစ်ပွားလာပါက ကု သမှုအတွက် အနည်းဆုံးခြောက်လမှ ၁ နှစ်ခွဲ အထိ အချိန်ယူကြရပေသည်။ သို့ရာတွင် အချို့သော ပြင်းထန်သည့် ခံစားရသော ရောဂါ သည်များအတွက် မသန်မစွမ်းအဖြစ်ရောက်ရှိသွားကြကြောင်းသတိပြုရန်လိုပေသည်။
ဆရာဝန်များ အကြံပြုချက်မှာ ၄င်းရောဂါ ဝေဒနာရှင်များကို လိင်ဆက်ဆံမှု ရပ်တန့်ထား စေခြင်းနှင့် ခွဲစိတ်ကုသမှုပြုခြင်းဖြစ်သည်။ ခွဲ စိတ်ကုသခံအဆင့်ထိရောက်ရှိသူများမှာ လိင် ဆက်ဆံမှုကိုပင် အဟန့်အတားဖြစ်စေလောက် သော နာကျင်မှုများနှင့် နှစ်ရှည်လများရောဂါ သည်များအတွက် ကုသပေးခြင်းဖြစ်သည်။
ခွဲစိတ်ကုသခြင်းကြောင့် အသားမာဖယ် ထုတ်ပြီး အရေပြားနှင့်အတူပစ္စည်းများအစားထိုးထည့်သွင်းပြုပြင်စေခြင်းဖြင့် စနစ်တကျ ကုသပေးနိုင်ပေသည်။ ထို့ပြင် ဓာတ်ရောင်ခြည် ဖြင့် ကုသပေးခြင်းကိုလည်း ဆောင်ရွက်ပေး နိုင်ပြီး မည်သည့်ဘေးထွက်ဆိုးကျိုးကိုမှ ဖြစ် ပေါ်စေခြင်းမရှိပေ။
အချို့သောကုသချက်များဖြစ်သည့်Vitamin E အပြင် Para -aminobenzoate ဆေးပြားများစားသုံးစေခြင်းနှင့် ဓာတုဆေးဝါး များ ကိုယ်အင်္ဂါတွင်းသို့ ထိုးသွင်းစေခြင်းမှာ ရောဂါကို အမှန်တကယ်ပျောက်စေသည်ဟု သက်သေမပြနိုင်သော ကုသခြင်းများသာဖြစ် ကြောင်း မှတ်ချက်ပြုထားသည်။
"ကာကွယ်နည်း"
အမျိုးသားများ၏ ကိုယ်အင်္ဂါကို ထိခိုက် မှုဒဏ်ရာရစေခြင်းမရှိစေရအောင် အထူးသတိ ပြုရမည်ဖြစ်ပြီး၊ မတော်တဆ ဖြစ်ပွားပါက နား လည်သောဆေးပညာရှင်များနှင့် ကုသမှုခံယူရန် လိုအပ်ပေသည်။
No comments:
Post a Comment